ကျိုက်လတ် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄) မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်း ဆောင်ရွက်နေခြင်းကို ယနေ့နံနက် (၁၀)နာရီခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရေးသွင်းခြင်းနှင့် ပတ်သက်၍ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးက နိုင်ငံသားနံပါတ် မှန်ကန်ရေးအတွက် နိုင်(၄) ဇယားကွက် (၂၁)မျိုးဖြင့် စာရင်းရေးသွင်းခဲ့ကြောင်း၊ မှတ်တမ်းများအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းကို အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)မှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ပူးပေါင်း၍ ဧပြီ ၅ ရက်မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ထိုသို့ နိုင်ငံသား ကိုယ်ရေးမှတ်တမ်းအချက်အလက်များ နိုင်(၄) မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းဆောင်ရွက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)ဗိုလ်မှူး ရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရီရီမြင့်