ဖျာပုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာများအား စာအုပ်များ အခမဲ့ငှားရမ်းပေး

ဖျာပုံ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် မြို့ပေါ်ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိစေမည့် စာအုပ်များကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖျာပုံခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ရုံးများသို့ စာအုပ်များ အခမဲ့သွားရောက် ငှားရမ်းဆောင်ရွက်ခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၈)ဦးတို့အား၊ သုတ (၁၆)အုပ်၊ ရသ (၁၀)အုပ်ကို အခမဲ့ ငှားရမ်းပေးနိုင်ခဲ့သည်။ ထိုသို့မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များအား ဌာနဆိုင်ရာများသို့ အပတ်စဉ်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)