ချောင်းသာ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက် မရမ်းကျွန်း ရေလယ်တောရကျောင်းတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့က စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်မားစေရေးနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ကြစေရန်တို့ကို ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း မရမ်းကျွန်း ရေလယ်တောရ ဆရာတော်က မိန့်ကြားသည်။
အဆိုပါသင်တန်းအတွက် ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်းအဖွဲ့မှ သင်ထောက်ကူ ဓမ္မစာပေစာအုပ် (၅၀)အား လှူဒါန်းပေးထားကြောင်း သိရပြီး ဆရာတော်၏ လမ်းညွှန်မှုဖြင့် မျိုးဆက်သစ် အားမာန်ပရဟိတအဖွဲ့မှ သင်ကြားရေးဆရာ၊ ဆရာမများက နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)