ကလိန်အောင် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ကျေးလက်ကျန်းမာရေးဌာနရှိဆေးခန်း၌ ယမန်နေ့နံနက် ၉နာရီက ဒုတိယအကြိမ်မြောက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်သီရိသက်လွင်က ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးပြီးထားသည့် အသက်ကိုးနှစ်မှ ၁၀နှစ်အရွယ် မိန်းကလေးများအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်ကအခမဲ့ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)