တောင်ငူ မေ ၁၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် (တောင်ငူ) နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) တို့တွင် ယနေ့ နံနက်ပိုင်းက ဘွဲ့ကြို (ပထမနှစ်) စတင်ဖွင့်လှစ်ကာ တက်ရောက်ကြသည့် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများက ဦးဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။
ထို့နောက် အဆိုပါ တက္ကသိုလ်များ၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများအား ကျင်းပရာ ပါမောက္ခချုပ်များက အမှာစကားများ ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များက ကျောင်းစည်းကမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဌာနမှူး၊ သင်တန်းမှူး၊ အဆောင်မှူးများက လုပ်ငန်းတာဝန်များအလိုက် အသီးသီးမိတ်ဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် စာသင်ခန်းများ၌ သင်ယူလျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြသည်။ တောင်ငူ၌ ဘွဲ့ကြို (ပထမနှစ်) တက်ရောက်သည့် နည်းပညာတက္ကသိုလ် (တောင်ငူ) မှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦး နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) မှ (၁၅၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်