ခါမ်းပါတ် မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ စွန်လည်ရွာသစ်ကျေးရွာတွင် ကြက်ဟင်းခါးသီး စိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။
"တစ်ပတ်ကို နှစ်ခေါက်လောက်ကောက်လို့ရပါတယ်၊ ရောင်းတာကတော့ ဖောက်သည်ယူတာဆို တစ်ပိဿကို ၁၂၀၀ ကျပ်နဲ့ ရောင်းရပါတယ်"ဟု ကြက်ဟင်းခါးစိုက်ပျိုးရောင်းချသူ ကိုမောင်မြင့်ထံမှ သိရသည်။
တစ်ခါကောက်လျင် ရောင်းတန်းဝင်ကြက်ဟင်းခါးသီး (၅ )ပိဿမှ (၁၀)ပိဿဝန်းကျင်အထိ ရရှိနိုင်ပြီး အနီးအနားကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို ဘုတ်ကန်ကျေးရွာနှင့် ကနန်ကျေးရွာတို့မှလည်း ဖောက်သည်ဝယ်ယူမှုများ ရှိကြောင်းလည်း သိရသည်။
အဆိုပါ ရာသီစာသီးနှံစိုက်ပျိုးခြင်းအနေဖြင့် တစ်ရာသီလျင် (၁၀)သိန်းမှ (၁၅)သိန်းအထိ ဝင်ငွေရရှိနေပြီး မိသားစုစီးပွားရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်းလည်း သိရသည်။
ဝိဇ္ဇာမောင်