မြင်းမူ မေ ၁၂
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်တွင် မိသားစု တစ်ပိုင်တစ်နိုင်အဖြစ် ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူ မိသားစုများ ပုံမှန်ဝင်ငွေ ရလျက်ရှိကြောင်း သိရှိရသည်။
ရာသီနှင့် ကိုက်ညီသည့် အသီးအနှံပင်များကို ပုံမှန်ရွေးချယ်စိုက်ပျိုးလျှက်ရှိကြောင်း၊ အဓိက စားဖိုချောင်သီးနှံများကို စိုက်ပျိုးရောင်းချကြောင်း၊ ခုလက်ရှိ ပဲတောင့်ရှည်(၁)ဧက အပင်အားဖြင့် (၇၀၀၀)စိုက်ပျိုးထားရှိကြောင်း၊ ရင်းနှီးကုန်ကျစရိတ် (၈)သိန်းရှိကာ စိုက်ပျိုးပြီး (၄၅)ရက်တွင် (၁)ရက်ခြား ပိသာ(၂၅၀)ကျော် ခူးယူရောင်းချရကြောင်း၊ အပင်သက်တမ်း အနေဖြင့် တစ်လခွဲခန့် ခူးယူရမည်ဖြစ်၍ ပိသာချိန် (၃၀၀၀)ကျော် ရရှိမည်ဖြစ်ကြောင်း၊ စိုက်ခင်းပိုင်ရှင် ဦးသန်းစိုးထံမှ သိရသည်။
ယခုလက်ရှိ ပဲသီးတောင့်ဈေးမှာ(၁)ပိသာလျှင်(၁၂၀၀)ကျပ်ရှိ၍ ဝင်ငွေအနေဖြင့် ရင်းနှီးငွေ နှုတ်ပြီးပါက အမြတ်ငွေကျပ် သိန်း(၃၀)ခန့် ရရှိမည်ဖြစ်ကြောင်း၊ ပဲသီးတောင့်များကို အဓိကအားဖြင့် မန္တလေးကုန်သည်များက စိုက်ကွင်းအရောက် လာရောက်ဝယ်ယူလျက် ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)