သရက်ချောင်းမြို့နယ်တွင် အသက်(၃)နှစ်မှ(၇)နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံပေး

သရက်ချောင်း    မေ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၃)နှစ်မှ အသက်(၇)နှစ်အောက်အရွယ်ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်သဥ္စာသိန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်များအား ကိုယ်ပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ အသက်(၃)နှစ်မှ အသက် (၇)နှစ်အောက် ကလေးသူငယ်များကို ဆိုဆို့၊ ကြက်ညှာ၊ မေးခိုင်စသည့်သုံးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခဲ့​ပေးကြောင်း သိရသည်။

သားကြီး (သရက်ချောင်း)