သရက်ချောင်း မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၃)နှစ်မှ အသက်(၇)နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဆရာမဒေါ်သဥ္စာသိန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်များအား ကိုယ်ပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ အသက်(၃)နှစ်မှ အသက်(၇)နှစ်အောက် ကလေးသူငယ်များကို ဆိုဆို့၊ ကြက်ညှာ၊ မေးခိုင် စသည့် သုံးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခဲ့ပေးကြောင်းသိရသည်။
သားကြီး (သရက်ချောင်း)