လက်ပံတန်းမြို့နယ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများအတွက် အခြေခံပန်းချီပညာ သင်တန်းဖွင့်လှစ်

လက်ပံတန်း   မေ   ၁၂

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများ အနုပညာကို စိတ်ပါဝင်စားမှု ရှိလာစေရန်၊ ပန်းချီပညာကို လေ့လာသင်ယူတတ်မြောက်စေရန်၊ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးမှု၊ တွေးခေါ်မျှော်မြင်မှု ရင့်သန်တိုးတက်လာစေရန် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံပန်းချီပညာ သင်တန်းကို ယနေ့နံနက်(၉)နာရီက စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ပံတန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၂.၅.၂၀၂၂)ရက်နေ့မှ (၁၃.၅.၂၀၂၂) ရက်နေ့ထိ ပန်းချီအနုပညာရှင် ဆရာကြီး ဦးဝင်းခိုင်သန်း(အ.ထ.က-၁)မှ ပန်းချီပညာ အခြေခံများကို အနီးကပ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)