ကသာပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း စတင်ဖွင့်လှစ်သင်ကြား

ကသာ မေ ၁၂

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း(ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်)ကို မေလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားသည်။

ကသာပညာရေးဒီဂရီကောလိပ်တွင် သင်ကြားရေး ဆရာ၊ ဆရာမပေါင်း(၃၆)ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း(ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်)တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၆၄)ဦးဖြစ်ကာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း(၃၃)ဦး စတင် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ကျောင်းသူများအား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပညာရေးဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ အနုပညာ၊ ဒေသဆိုင်ရာ သင်ရိုး၊ ကာယ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကသာပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးထံမှ သိရသည်။

နေခ (ပြန်/ဆက်)