ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ဆင်ပေါင်ဝဲ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးစိုးမိုးထက်နှင့်ဦးတင့်ဆွေတို့မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့်

"အောင်မြင်ဖို့အချိန်" စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခုလို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း BookClub အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လစဉ်ကျင်းပ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)