စလင်း မေ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ တောင်သူများ မိုးဦးကာလတွင် ကြားသီးနှံအဖြစ် မိုးပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
မိုးပဲတီစိမ်းများကို တန်ခူးလမှကဆုန်လအတွင်း စိုက်ပျိုးကာ တစ်လခွဲခန့်အကြာတွင် အဖူးအပွင့်များ စတင်ဖူးပွင့်ကြောင်း၊ နှစ်လအကြာတွင် ပဲတီစိမ်းများ စတင်ဆွတ်ခူး ရောင်းချကြကြောင်းသိရှိရသည်။ ပဲတီစိမ်းမျိုးအဖြစ် ရေဆင်း ၁၄ မျိုးကို ၁ ပြည်လျှင် ၅၀၀၀ ကျပ်ဖြစ်ပြီး ယခင်နှစ်ကဝယ်ယူခဲ့ရပြီး ၁၀ ပြည်ဝယ်ယူခဲ့ကြောင်း တောင်သူ ဦးဉာဏ်မြင့်ထံမှ သိရှိရသည်။ ပြီးခဲ့တဲ့နှစ်က၂ဧကစိုက်ပျိုးကာ အထွက်နှုန်း ၅၆ တင်း ထွက်ရှိခဲ့ပြီး မြေသြဇာ ၁ဧကကို ၁အိတ်၊ ၂ဧကစိုက်ပျိုးသည့်အတွက်၂အိတ် တီဆူပါမြေသြဇာဝယ်ယူကာ (၁၀၀၀၀၀)ကျပ် ကုန်ကျခဲ့ပြီး ပိုးသတ်ဆေးများကိုလည်း လိုအပ်သလိုအသုံးပြုရကြောင်း ယခုနှစ်တွင် ရာသီဥတုမှန်၍ ဖြစ်ထွန်းလျှင် ဆွတ်ခူးချိန်၌ ၁ဧကကို ၃၀တင်းမှ ၃၅တင်းအထိပို၍အထွက်နှုန်းရရှိနိုင်ကြောင်း ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူဦးဉာဏ်မြင့်ထံမှ သိရှိရသည်။
မောင်လွင်(စလင်း)