မြဝတီခရိုင်၌ စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မြဝတီ မေ ၁

ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူ  Women  Club၊ Book  Club အသင်းဝင်များ စုပေါင်း၍  ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာဦးရဲမြင့်(မြန်မာစာကထိက-ငြိမ်း) ရေးသားသည့် “သိင်္ဂါလောဝါဒ ဆုံးမစာလာ လူ့ကျင့်ဝတ်များအဖွင့်နှင့် သုတအဖြာဖြာ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ဝိုင်းဆောင်ရွက်ရာတွင်  Women   Club အသင်းဝင် ဒေါ်ကေခိုင်က “သိင်္ဂါလောဝါဒ ဆုံးမစာလာ လူ့ကျင့်ဝတ်များအဖွင့်”  စာအုပ်မှ  ကျင့်ဝတ်များနှင့်ပတ်သက်၍    လူတိုင်းစောင့်ထိန်း လိုက်နာရမည့်ကျင့်ဝတ်များဖြင့်  ဦးဆောင်ဆွေးနွေးပေးပြီးBook Club အသင်းဝင်ဒေါ်ကြည်ကြည် ဖြိုးကျော်က  သား၊သမီးကျင့်ဝတ်ငါးပါးဖြစ်သည့် “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ”ဆိုသည့်အတိုင်းသား၊သမီးများ ဘက်မှလည်း စောင့်ထိန်းလိုက်နာရမည့်အချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ရာ တက်ရောက်ကြသည့် အသင်းဝင်များက   ဆွေးနွေးသုံးသပ်မှုအပေါ်   မိမိတို့အမြင်များဖြင့် အကြံပြုဆွေးနွေးပေးသည်။ 

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများ ပုံမှန်ဆောင်ရွက်ပေးခြင်းအပြင် ပြည်သူ့အကျိုးပြုဆွေးနွေးပွဲများကိုလည်း အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးတင်ဆက်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)