ပိုင်ကျုံမြို့ တောင်ကလေးကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး

ပိုင်ကျုံ  မေလ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ တာကရားကျေးရွာအုပ်စု၊ တာကရာကျေးရွာ၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ(၁၀၀)ဦးအား ယမန်‌နေ့က ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိကြောင်း သိသည်။

ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံ‌ပေးလျက်ရှိပြီး ‌မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများ ကာကွယ်ဆေးရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်‌ ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ကျေးရွာများအရောက် ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများ အဆင်‌ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)