သဲကုန်းမြို့နယ်၌ (၂၄)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သဲကုန်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကျင်းပသော ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန် စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်အရှင်မြတ်(၃၁)ပါးတို့အား (၂၄)ကြိမ်မြောက်စူဠဘွဲ့နှင်းသဘင် စာအောင်ဆုဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့က မိုးကုတ်ရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဝေသဝဏ္ဏထံမှ ဩဝါဒခံယူပြီး အကျိုးတော်ဆောင်ဆရာတော်မှ စာအောင်ဆုနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူများမှ စာအောင်သံဃာတော်များကို အောင်လက်မှတ်နှင့်စာအောင်ဆုများ အသီးသီးဆက်ကပ်လှုဒါန်းခဲ့ကြသည်။ အခမ်း အနားတွင် ဓမ္မာစရိယဘွဲ့ရ(၂)ပါး၊ နှစ်ကျမ်းစွဲ(၅)ပါး၊ တစ်ကျမ်းစွဲ (၆)ပါး၊ ပထမကြီး(၄)ပါး၊ ပထမလတ်(၄)ပါး၊ ပထမငယ်(၃)ပါး၊ အခြေပြုမူလတန်း(၇)ပါး စုစုပေါင်း(၃၁)ပါးအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဥပထမ္ဘကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်၊ ပြန်/ဆက်