သရက်မြို့၌ မွေးကင်းစမှ အသက် (၁) နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

သရက် မေ ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့ မြို့ပေါ် (၈) ရပ်ကွက်ရှိ မွေးကင်းစမှ အသက် () နှစ်ခွဲအထိ ကလေးငယ်များအား ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၉ နာရီက ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မွေးကင်းစမှ အသက် () နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်() ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ (ပထမအကြိမ်)()လအရွယ် ကလေးငယ်များကို ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ဒုတိယ အကြိမ်)၊ (၆လ)လအရွယ်တွင် (တတိယအကြိမ်)ထိုးနှံရပြီး အသက်() ဂျပန် ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး (ပထမ) အကြိမ်နှင့် အသက်()နှစ်(ခွဲ)တွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို စတုတ္ထအကြိမ်နှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ကျန်ရှိနေသည့် ကလေးငယ်များအား မေလ(၁၄) ရက်နေ့အထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)