မြောင်းမြမြို့ ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အမှတ်(၁)ရပ်ကွက်သို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မြောင်းမြ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်က ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အမှတ်(၁)ရပ်ကွက်သို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများ လက်ဝယ်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။

စာပေကိုချစ်မြတ်နိုးပြီး စာပေနှင့်မဝေးကွာလိုသူတို့ အဆင်ပြေစေရေး၊ ပြည်သူများ မိမိတို့ အိမ်ရှေ့အရောက် အချိန်မကုန် မပင်ပန်းစေပဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ စာပေလေ့လာနိုင်ရေး တို့အတွက် Mobile Library Bus ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့စာအုပ်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ ရသ စာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)