ဒိုက်ဦး မေ ၁၁
ပဲခူးတိုင်းဒေသကြီး(အရှေ့)ဒိုက်ဦးမြို့နယ် Grade.5 (သင်ရိုးသစ်)မြို့နယ်အဆင့် Face to Face အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီးဦးခင်အောင်ရီက မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ Grade-5 (သင်ရိုးသစ်) အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေး၊ သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ online စနစ်ဖြင့် သင်ကြားခဲ့သော ဆရာ၊ ဆရာမ (၃၄) ဦးတို့က ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ / ဆရာမ (၅၀၈) ဦးတို့အား မေလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့ထိ (၄) ရက်ကြာ ပြန်လည်ဆွေးနွေး ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)