တောင်တွင်းကြီး၌ တည်ဆောက်ရေးလုပ်ငန်းများအတွက် ပစ္စည်းတင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ

တောင်တွင်းကြီး  မေ  ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တိုင်း‌ဒေသကြီး ငွေလုံးငွေရင်းရန်ပုံ‌ငွေဖြင့် ဆောင်ရွက်မည့် တည်‌ဆောက်ရေးလုပ်ငန်းများအတွက် ပစ္စည်းတင်ဒါ‌ရောင်းချပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး တင်ဒါကော်မတီအတွင်းရေးမှူး ဦးမြလင်းက တင်ဒါလုပ်ငန်းစည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တင်ဒါကြမ်းခင်း ဈေးတွက်ချက်ရေးကော်မတီအတွင်းရေးမှူး ဦးစိုးနိုင်ဦးက တင်ဒါခေါ်ယူဆောင်ရွက်ရခြင်းနှင့် ပစ္စည်းအရည်အသွေးသတ်မှတ်မှုများအား ရှင်းလင်းပြောကြားကာ Lot အလိုက် တင်ဒါဖွင့်‌ဖောက်ရောင်းချခဲ့ကြကြောင်း သိရသည်။                

နိုင်ဝင်း(ပြန်/ဆက်)