ထန်းတပင်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်(ပဲခူး) မေ ၁၀

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍စာရေးဆရာ အောင်သင်းရေးသားသည့်‌ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်သဇင်က စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများ ကိုလစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်တွင်ပါရှိသည့် ကျောင်းသားလူငယ်တွေ၊ စကားမစပ်ဖြတ်၍ပြောခြင်း၊ စကားဖြတ်လို့မရ၍ ဆက်၍ပြောခြင်း၊ သတင်းမှားသော်လည်း အားတက်စရာ၊ ဆရာဆိုတာ၊ ပညာသင်ကြားမူဆိုတာစသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)