ကော့ကရိတ် မေ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကော့ကရိတ်မြို့ အထက(၂) ကျောင်းသရဖီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ဆရာမိဘကျောင်းသားများ ပူးပေါင်းပါဝင်အောင် စည်းရုံးဆောင်ရွက်ကြရေးနှင့် ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြား သည်။
ထိုနောက်ခရိုင် ပညာရေးမှူး ဦးခိုင်ထွန်းက တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ အခြေခံပညာ မူလတန်းပညာရပ်သည် အဓိကကျပါကြောင်း၊ ဆရာ၊ ဆရာမတို့အနေဖြင့် Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းများကို နည်းစနစ်တကျ သင်ကြား၊ သင်ယူကြပါရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးစောမင်းခင်က သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ၊ ဆရာမတို့အား သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ(၁၀၄၀)ဦး၊ တက်ရောက်ကြပြီး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၉၆)ဦးတို့က Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းအတိုင်း ကော့ကရိတ်အထက-၂၊ အထကနဘူး၊ အထက ကျုံဒိုး၊ အထကကော့ဘိန်းကျောင်းတို့၌ (၄)ရက်ကြာ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)