ရှမ်းရွာသစ်မြို့တွင် လမ်းဦးစီးဌာနမှ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်

ရှမ်းရွာသစ်  မေ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလမ်းဘေးဝဲယာ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို  စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၆၂.၄) သန်းဖြင့် (38.0)km နှင့် (39.2)km ကြား၊ လမ်းဘေးဝဲယာအရှည်(၄၇၀) မီတာရှိ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ (34.2)km နှင့်( 34.4)km ကြားရှိ ပြိုကျသွားသော တံတားချဉ်းကပ်လမ်း အရှည် (၆၁)မီတာနှင့် အမြင့် (၃.၆၆) မီတာရှိ ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကိုလည်း ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၆၉.၆) သန်းဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး လမ်းပမ်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)