ဒိုက်ဦးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ကျင်းပ

ဒိုက်ဦး မေ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာန ၁၃၈၄(၂၀၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မူ) ကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့၊ ပြည်လုံးချမ်းသာဘုရားကြီး၊ ရွှေမြန်မာသမ္မတဓမ္မဗိမာန်တော်ကြီး၌ မွန်းတည့် ၁၂ နာရီအချိန်က တတိယနေ့ ဆက်လက်ကျင်းပသည်။

စာမေးပွဲ၌ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်း ဖြေဆို ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၁၃၈)ပါး ဝင်ရောက်ဖြေဆိုကြသည်။

အဆိုပါ စာမေးပွဲကို မေလ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ အခြေပြုမူလတန်းအတွက် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ ဘာသာ၊ ပထမငယ်တန်း အတွက် ဘိက္ခူပါတိမောက်ဘာသာ/ဓမ္မပဒ၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့အတွက် ဒွေမာတိတာဘာသာ/ဓမ္မပဒဘာသာရပ်တို့အား ဖြေဆိုကြမည်ဖြစ်ပြီး နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)