ဝေါလေမြိုင် မေ ၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေ ၃ နာရီ က ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး (Talk Show)တွင် ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို Online Page မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်းနှင့် (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်လင်း ပြောကြားသည်။
ထို့နောက် ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးနှင့် အငယ်တန်းစာရေး ဒေါ်ဖြူစင်မိုးတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမြောက်သည့်အပြုအမူများ၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရသည့် အခြေအနေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားဆောင်ရွက်နေမှုများနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)