ကမမောင်းမြို့တွင်    အသက်(၁၈)နှစ်အထက်  ပြည်သူများအား  ရာနှုန်းပြည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကမမောင်း  မေ  ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်​ရေး၊  မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက်  ကမမောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီကကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးထိုးနှံရာတွင် အသက် (၁၈) နှစ်အထက်ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများကို ကမမောင်းမြို့၊ သံလွင်ဦးမြို့မစျေး၊ ဈေး ခေါင်းရုံးရှိ ကျန်းမာရေးဝန်ထမ်းများက  Covid Shield ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ အပူချိန်များ တိုင်းတာပေးခြင်း စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ပြီး အသက်(၁၈)နှစ်အထက်ပြည်သူ စုစုပေါင်း (၁၀၀)ဦးကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တင်တင်လှ(ပြန်/ဆက်)