လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ခမ်းအနားကျင်းပ

လှိုင်းဘွဲ  မေ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အဖွင့်အမှာစကား‌ ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ တပ်ခွဲမှူး ဦးဝင်းဇော်မှ ကမ္ဘာ ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တို့၏ လုပ်ဆောင်မှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား တစ်နှစ်တာအတွင်း ကြက်ခြေနီ လှုပ်ရှားမှု အကောင်းဆုံးဆု၊ ကျေးရွာကိုယ်စားပြု ကြက်ခြေနီ ဆောင်ရွက်မှု ဂုဏ်ပြုမှတ်တမ်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းထွန်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီအထိန်းအမှတ်အဖြစ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရီသွားပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)