ဘုရားသုံးဆူ မေ ၉
သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့မှ စဉ်ဆက် မပြတ် ကျင်းပပြုလုပ်မြဲဖြစ်သည့် အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျင်းပဖြေဆိုလျက်ရှိရာ ကရင်ပြည် နယ်၊ ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့၌ ၂၀၂၂ခုနှစ်အစိုးရပါဠိ ပထမ ပြန်စာမေးပွဲကို ဘုရားသုံးဆူမြို့ အမှတ် (၃)ရပ်၊ဓမ္မဟေ၀န်ပရိဟိတကျောင်းတိုက်၌ မွန်းတည့် ၁၂ နာရီမှစတင်၍ ညနေ ၃ နာရီထိ ကြီး မှူးကျင်းပနေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား ကြွရောက်ဖြေဆိုရန် ဘုရားသုံးဆူမြို့တွင်းရှိ ပရိယတ္တိစာသင်တိုက် ကျောင်းများမှ ရဟန်း၊ သာမဏေ၊ သီလရှင် (၆၀)ပါးတို့မှ ကြွရောက်ဖြေဆို လျက်ရှိကြောင်းသိရသည်။ ပါဠိပထမပြန် စာမေးပွဲအား ကြွရောက်ဖြေဆိုရန် ရဟန်း၊ သာမဏေ၊ သီလရှင်(၇၀)ပါးမ ကြွရောက် ဖြေဆိုစာရင်းသွင်းထားသော်လည်း အကြီးတန်း(၇)ပါး၊ အလတ်တန်း(၁၁)ပါး၊ အငယ်တန်း(၂၇)ပါး၊ မူလတန်းအခြေပြု (၃၃)ပါးသာ ကြွရောက်ဖြေဆိုနိုင်ပြီး ရဟန်း၊ သာမဏေ(၁၀)ပါးတို့မှာ ကြွရောက်ဖြေဆိုနိုင်ခြင်း မရှိကြောင်းသိရသည်။ ၂၀၂၂ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲအား ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်း၊ သာမေဏများနှင့်နာယက ဆရာတော်များ၊ စာမေးပွဲကြီးကြပ် ဆရာတော်များ အဆင်ပြေစွာ သီတင်းသုံးနေထိုင်နိုင်စေရေးနှင့်ဆွမ်းဝေယာ၀တ္တ စအရပ်ရပ်များအား မြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့ပေါ်ရှိဒါယကာ၊ ဒါယိကာမများမှနေ့စဉ်ဆက်ကပ်လှူဒါန်းပေး နေလျက်ရှိ ကြောင်း သိရှိရပြီး ၂၀၂၂အစိုးရပါဠိပထမပြန်စာမေးပွဲကို မေလ ၇ ရက်နေ့မှစတင်၍ မေလ ၁၃ ရက်နေ့ ထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)