ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ကျိုက်ဒုံ မေ ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စစ်တုရင်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်နေသော ကျောင်း သားများအား အသိပညာဗဟုသုတများ နှင့်ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရေးအတွက် ရည်ရွယ်၍ စစ်တုရင်ပြိုင်ပွဲ ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး စစ်တုရင်ပြိုင်ပွဲတွင် ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)