သံတောင်ကြီး မေ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်၍ တစ်ပိုင်တစ်နိုင်ကွမ်းစိုက်ပျိုးသူ တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းကြမ်းများကို တောင်ငူမြို့ရှိ ကွမ်းရောင်းဝယ်သူများထံတွင် သွားရောက် ရောင်းချကြပြီး အချိန်တစ်ဆယ်လျှင် ကျပ်( ၁၂၀၀၀/-) ရရှိကြောင်း သိရသည်။ သံတောင် ကြီးဒေသရှိ တောပြာကလေး၊ တောပြာကြီး၊ နန်းချိန်ခွင်၊ ယစ်မိုင်း၊ လိပ်ပြာကလေး၊ လိပ်ပြာကြီး စသည့်တောင်ပေါ် ဒေသကျေးရွာများမှ တောင်ပေါ်ဒေသထွက် ကွမ်းကြမ်းများအား ပိဿာချိန်အလိုက် ရောင်းချခြင်းရှိသလို လက်လီအဖြစ်လည်း ရောင်းချ၍ ကွမ်းကြမ်း တစ်ထုပ်လျှင် ကျပ် ၅၀၀ခန့် ရရှိ၍ မိသားစု အပိုဝင်ငွေရရှိကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
နီလာအေး(သံတောင်ကြီး)