သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ မိခင်များနေ့ အစီအစဉ်ကျင်းပ

သံတောင်ကြီး မေ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၌ ၂၀၂၂-ခုနှစ်မေလ(၈)ရက်နေ့ တွင်ကျရောက် သည့် မိခင်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က မိခင်များနေ့အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှလူငယ်များနှင့် ဖခင်များ ကဦးဆောင်ကာ  မိခင်များအားဂုဏ်ပြုပေးသည့်   အစီအစဉ်ဖြစ်ပြီး  မိခင်များအားဂုဏ်ပြုပေး  သည့်သီချင်း များသီဆိုပေးခြင်း၊ မိခင်များနှင့်ပတ်သက်သည့် တရားဒေသနာများ ဟောပြောပေး ခြင်း၊ မိခင်များအားဂုဏ်ပြုသည့်ကဗျာများရေးစပ်ခြင်းတို့ကို ဖတ်ကြားခြင်းနှင့် မိခင်များအား zအမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ