ကော့ကရိတ်ခရိုင် ပြန်ဆက်ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း​ဆွေး​နွေးပွဲပြုလုပ်

ကော့ကရိတ် ​မေ ၉

လူငယ်များ စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်(၁၁:၀၀)နာရီအချိန်၌ စာရေးဆရာ​မောင်ဒီပ(ပညာ​ရေး) ရေးသားသည့် သုတပ​ဒေသာလူငယ်​ရေးရာ စာအုပ်မှ  “မင်္ဂလာပါ၊​ ကျေးဇူးတင်ပါတယ်နှင့် ချိုသာ​သောအပြုံး”​ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း​ဆွေး​နွေးပွဲကို  ကျင်းပပြုလုပ်ခဲ့သည်။

 စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက​ နွေရာသီ​ကျောင်းပိတ်ရက်မှာ လူငယ်များစာအုပ်စာပေနှင့်ထိတွေ့ပြီး စာဖတ်သည့် အလေ့အထများ အသိပညာဗဟုသုတများ ရရှိစေရေးစသည့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် (Youth Club)အဖွဲ့ဝင်များဖြစ်ကြသည့် မောင်ဇေယျာလင်းကမင်္ဂလာပါ၏ အဓိပ္ပါယ် မင်္ဂလာပါဟု နုတ်ဆက်လိုက်တာနဲ့ရရှိသည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မောင်မျိုးမင်းမှကျေးဇူးတင်ပါတယ်ဆိုတဲ့ အသုံးအနှုန်း ခေါင်းစဉ်အားလည်း​ကောင်း မဂျူးသဥ္ဇာမှ ချိုသာ​သောအပြုံး​ ခေါင်းစဉ်တို့အားလည်း​ကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များနှင့် (Youth Club )အဖွဲ့ဝင်များမှ သိရှိလို သည်များကို  အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)