သံတောင်ကြီး မေ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၊ ဘုရင့်နောင်တပ်နယ်၊ တပ်နယ်မှူး၏ လမ်းညွှန်မှုဖြင့် အသားငါးနှင့်ကြက်ဥများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းကဘုရင့် နောင်တပ်နယ်ရှိ တပ်မတော်သားများက သံတောင်ကြီးမြို့အမှတ်(၄)ရပ်ကွက် လမ်းဆုံတွင် အသားငါးများနှင့် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လာရောက်ရောင်းချသည့် အသားငါးများမှာ ငါးတန်တစ်ပိဿာကျပ်(၄၂၀၀) ၊ ငါးကြင်းတစ် ပိဿာကျပ်(၄၂၀၀)၊ ဝိုင်နီငါးတစ်ပိဿာကျပ်(၄၅၀၀)၊ ရွှေငါးတစ်ပိဿာကျပ်(၅၂၀၀)၊ ငါးခြစ် တစ်ပိ ဿာကျပ်(၉၄၀၀)၊ ငါးမုတ်တစ်ပိဿာကျပ်(၄၄၀၀)၊ ကြက်သွန်နီတစ်ပိဿာကျပ် (၈၀၀)၊ အိုင်အိုတင်းဆား တစ်ထုပ်လျှင် ကျပ်(၂၀၀)နှင့်လူတစ်ဦးကို ကြက်ဥကိုးလုံးတစ်ထောင်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ