ကော့ကရိတ်မြို့၌  ၂၀၂၂ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲ ​ဖြေဆို

ကော့ကရိတ် ​မေ ၉


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  ၂၀၂၂ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မေလ()ရက်မွန်းတည့် (၁၂)နာရီအချိန်မှစ၍ ကော့ကရိတ်မြို့ အမှတ်()ရပ်ကွက်ရှိမြို့မဘုန်းတော်ကြီးကျောင်း ရှိဓမ္မာရုံ၌ကျင်းပလျက်ရှိကြောင်း သိရသည်။
စာမေးပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ စာရင်းသွင်းဖြေဆို မည့်  သံဃာ၊ သီလရှင်၊ လူစုစုပေါင်း (၂၈၂)ပါး ရှိသည့်အနက် ပထမကြီးတန်းတွင် သံဃာ၊ သီလ ရှင် (၂၀)ပါး၊ ပထမလတ်တန်းတွင် သံဃာ၊ သီလရှင် (၂၂)ပါး၊  ပထမငယ်တန်းတွင် သံဃာ၊ သီလရှင်၊ လူ (၅၅)ပါး၊ အ​ခြေပြုမူလတန်းတွင် သံဃာ၊ သီလရှင်၊လူ (၁၂၂)ပါး၊  စုစု​​​ပေါင်း (၂၁၉) ပါးတို့မှ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ်အစိုးရပါဠိ ပထမပြန်စာမေးပွဲအား ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်း သာမဏေများ၊ သီလရှင်၊ လူများနှင့်နာယကဆရာတော်များ စာမေးပွဲကြီးကြပ်ဆရာတော်များ အဆင်ပြေစွာသီတင်းသုံးနေထိုင်နိုင်စေရေးနှင့် ဆွမ်းဝေယျာဝစ္စကိစ္စအရပ်ရပ်များ အဆင်ပြေစွာ သုံးဆောင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာ  တာဝန်ရှိသူများမှ ဦးဆောင်စီမံဆောင်ရွက်ပြီး ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒါယိကာ ဒါယိကာမ အလှူရှင်များမှ နေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်းနှင့် စာမေးပွဲကို ​မေလ () ရက်နေ့မှ (၁၃) ရက်နေ့အထိ မွန်းတည့် ၁၂ နာရီမှ ည​နေ ၃ နာရီထိ​ ဖြေဆိုကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း (ပြန်/ဆက်)