ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်

ဘုရားသုံးဆူ မေ ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားအား ဘုရားသုံးဆူမြို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ဘုရားသုံးဆူမြို့၊ မြို့မစျေးရှေ့၌ ယမန်နေ့ နံနက်၁၀နာရီ အချိန်တွင် ပြုလုပ်ခဲ့ သည်။        

အဆိုပါ အခမ်းအနားအား ဘုရားသုံးဆူ မြို့ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် တပ်ဖွဲ့မှူး ဦးမြင့်နိုင်၊ ကြက်ခြေနီအသင်းသူအသင်းသားများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများမှ အဖွင့်အမှာစကားပြောကြားခြင်း ကြက်ခြေနီအသင်းနဲ့ ပတ်သက်သည့် သိမှတ်ဖွယ်ရာအထွေထွေ အကြောင်းအရာများအား အသီးသီးပြောကြားခဲ့သည်။ ဆက်လက်ပြီး ကမ္ဘာ့ကြက်ခြေန နေ့အထိမ်းအမှတ် ပေါက်ကွဲစေတက်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး လှုပ်ရှားမှုအစီစဉ်၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုရာတွင် ဆုရရှိသူများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီး နံနက်၁၁ နာရီခွဲ အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

အောင်သူဟိန်း(ပြန်/ဆက်)