ပိုင်ကျုံမြို့ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ဘုရားရှစ်ခိုးကျောင်း၌ ကမ္ဘာ့မိခင်များနေ့ အခမ်းအနားကျင်းပ

ပိုင်ကျုံ မေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကရင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် ဘုရားရှစ်ခိုးကျောင်းတွင် ယနေ့နံနက် ၁၁ နာရီအချိန်၌  ကမ္ဘာ့မိခင်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို ချီးမွမ်းခြင်းသီချင်းသီဆိုခြင်း၊ ဆုတောင်းခြင်းဖြင့် စတင်ပြီး ကမ္ဘာ့အမေများနေ့ ကိုဂုဏ်ပြုသောအားဖြင့် ပိုင်ကျုံကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ဖခင်များက အမေများနေ့ အစီအစဉ်များကို ဦးဆောင်၍   ဆောင်ရွက်ခဲ့ပြီး  အသင်းသား ဖြစ်သူ ဦးဟဲဂေထူးက   အမေများနေ့နှင့်ပတ်သက်သော ကျမ်းစာများ၊  အမေများ၏ မိသားစု အပေါ် ချစ်ခြင်းမေတ္တာ ထားရှိမှု၊   အမေများ၏ သားသမီးများအပေါ် ထားရှိသည့် လိုလားချက်များနှင့် အမေများတန်ဖိုးများ စသည့်အချက်များကို ဟောပြောခဲ့သည်။  ဆက်လက်၍  အခမ်းအနားကို   ဆက်လက်ကျင်းပရာ   ပိုင်ကျုံမြို့အသင်းတော်မှ  လူငယ်လူရွယ်များက  အမေများ‌နေ့ အထိမ်းအမှတ် အမှတ်တရပစ္စည်းများ‌ အမေများပေးအပ်နေစဉ်  အမေများနေ့နှင့်ပတ်သက်သော  ဂု‌ဏ်ပြု‌ တေးသီချင်းများ သီဆိုခြင်း၊ အမေများ၏စံတန်ဖိုးများကို နော်ကလူမူစိုးက  ဖတ်ကြားခဲ့ပြီး  အမေများကိုယ်စား ဒေါ်အစ္စတာဘဲလ်က အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းအသင်းတော်သည် သားသမီးများနှင့် မိဘများအကြား ဆက်ဆံ‌‌ရေး၊ ချစ်ခြင်း‌ မေတ္တာ၊ ဂရုဏာများခိုင်မြဲ၊ အောက်မေ့၊ တမ်းတ၊ သတိရစေရန်ရည်ရွယ်၍ ကမ္ဘာ့ အမေများနေ့ကို‌ နှစ်စဉ်ကျင်းပလျက်ရှိလျက်ကြောင်း သိရှိရသည်။

နော်ခူး