ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၂)ဦးအား ငွေကျပ် (၁၅)သိန်းစီ ထောက်ပံ့ငွေ ပေးအပ်

သရက် ‌မေ ၈

 မကွေးတိုင်းဒေသကြီး သရက်မြို့တွင်  အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၂)ဦး ကို ပီတိပညာရေး ပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို  ယနေ့နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

 အဆိုပါအခမ်းအနားတွင် ပီတိပညာရေးပရဟိတ နာယက ဦးတင်ထွဍ်နှင့်  ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစား ယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာ အလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။

 ထို့နောက်အငြိမ်းစားပင်စင်ယူထားသည့် ဆရာမကြီး(၂)ဦးအား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့်   ငွေကျပ်(၁၅)သိန်းစီကို ဆရာမ ဒေါ်စန်းစန်းဝင်းနှင့် ဒေါ်မြင့်မြင့်စိန် တို့အား ပေးအပ်ခဲ့ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ယင်းနောက် အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ဆရာမကြီး (၂)ဦးက အလှူငွေ(၂)သောင်းစီ လှူဒါန်းရာပေးရာ ဆရာမကြီး တစ်ဦးက လက်ခံပေးခဲ့ကြောင်း  သိရသည်။

 ဇော်ထက်(သရက်)