ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျေးရွာစာကြည့်တိုက် ကော်မတီအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ကြံခင်း မေ ၈

ဧရာဝတီတိုက်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဒေါ်လှိုင်ပို့ပို့ဇင်က ကျေးရွာစာကြည့်တိုက်များ လက်ရှိမြေပြင် အခြေအနေဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊  ကျေးရွာစာကြည့်တိုက် ဖွံဖြိုးတိုးတတ်ရေးအတွက် ဆောင်ရွက် ရမည့်အချက်များအားလည်းကောင်း၊ ယနေ့လူငယ်များစာပေလေ့လာဖတ်ရှု့ရာတွင် လွယ်ကူစွာဖတ်၊ မှတ်၊လေ့လာနိုင်ရန် ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ခိုင်မာဖို့လိုကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတတ်စေရန် ရှင်သန်ခိုင်မာသော စာကြည့်တိုက် ရှိရန် လိုအပ်ပါကြောင်းနှင့်  မိမိကျေးရွာ စာကြည့်တိုက် လိုအပ်ချက်အား ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက်တတ်ရောက်လာကြသော ကျေးရွာစာကြည့်တိုက် ကော်မတီအဖွဲ့များ၊ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများမှ  ရှင်သန်ခိုင်မာ သော စာကြည့်တိုက်ဖြစ်ပေါ်စေရန် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်ဦးစီးမှုးမှ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အချက် များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)