ပလောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံ

ပလောက်    စက်တင်ဘာ    ၃

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကို  ကျန်းမာရေး ဗဟုသုတ ရရှိစေရန်နှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့၊ နံနက်ပိုင်းက ပလောက်မြို့ ပြည်သူ့ဆေးရုံကျန်းမာရေး ဌာန၌ ထိုးနှံပေးခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပလောက်မြို့သားဖွားဆရာမ ဒေါ်သန်းဌေးနှင့် အဖွဲ့က မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊အသက်တစ်နှစ်ခွဲနှင့် တစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ဦး(ပလောက်ပြန်/ဆက်)