အင်္ဂပူမြို့၌ ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာပေး သင်တန်းပြုလုပ်

အင်္ဂပူ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အ‌ထွေထွေအုပ်ချုပ် ရေးဦးစီးဌာရုံး အစည်းဝေးခန်းမ၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာ‌ပေးသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင့်က သန်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်က  မိုးရာသီတွင် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရေးအတွက် တောင်သူများသိရှိရမည့် အချက်များ ကို ဆွေးနွေးပြောကြားခဲ့သည်။

နည်းပညာဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင့်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်‌မောင်စန်းနှင့် ဝန်ထမ်းများ၊ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့စိုက်ပျိုးမည့် ကျေးရွာ (၄) မှ တောင်သူ (၄၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မိုးရာသီတွင် အင်္ဂပူမြို့နယ်၌ မိုးနေကြာ ဧက (၇၀၀) အား‌ နေကြာမျိုးစေ့ထုတ် စိုက်ပျိုးရန် လျာထားကြောင်းသိရသည်။

အင်္ဂပူ(ပြန်/ဆက်)