ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်

ချီဖွေ  စက်တင်ဘာ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက် လူစည်ကားရာနေရာများ၊ စျေးရောင်း၊ စျေးဝယ် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများအဖြစ် မြို့ပေါ် ရစ်လောခေါင်ရက်ကွက် KBC ဘုရားကျောင်းဆင်းလမ်းဆုံတွင် မြို့နယ်ဆက်သွယ်ရေး တာဝန်ခံ ဦးမင်းဆွေဦး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှလည်းကောင်း၊ မြို့နယ်စည်ပင်သာယာစျေးလမ်းဆုံတွင် အမှုဆောင်အရာရှိ ဦဇောင်းရယ် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ လည်းကောင်း၊ မြို့ပေါ် ဥက္ကပ်ရပ်ကွက် မေခချစ်သူလမ်းဆုံတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်ဦး ဆောင်သည့် ပူးပေါင်းအဖွဲ့တို့မှ လည်းကောင်း၊ လမ်းဆုံနေရာ (၃)နေရာရှိ  လမ်းသွား၊ လမ်းလာများနှင့် စျေးရောင်း၊ စျေးဝယ်ပြည်သူများကို Covid-19 Stay Home ကာလ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်သွားလာမှု ရှိ/မရှိနှင့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရေး (Stay at Home)အား လိုက်နာကြရန်၊ မဖြစ်မနေ အပြင်သွားရပါက ပါးစပ်နှာခေါင်းစည်းကို တပ်ဆင် သွားလာကြရန်နှင့် အပြင်မှ ပြန်လာပြီးတိုင်းလက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာဆေးကြောကြရန် အသိပညာပေး ဟောပြောခဲ့သည်။

ထိုသို့ အသိပညာပေးရာ လမ်းဆုံနေရာ(၃)နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆွေ၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါတ်တာလင်းလင်းထွန်းနှင့် မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်နှင့် အဖွဲ့တို့က နှာခေါင်းစည်းများ တပ်ဆင်သွားလာမှု ရှိ/မရှိ ကြီးကြပ် ဆောင်ရွက်ကာ အသိပညာပေး ကာလအဖြစ် (၂)ရက်သာ ဆောင်ရွက်သွားမှာဖြစ်ပြီး အသိပညာပေးကာလ ကျော်လွန်ပါက နှာခေါင်းစည်း(mask)များ တပ်ဆင် သွားလာခြင်းမရှိသည့် မည်သူမဆို ဒဏ်ငွေပေးဆောင်စေမှာဖြစ်ကြောင်း၊ ယနေ့နှင့် မနက်ဖြန်သည် အသိပညာပေး ကာလဖြစ်ကြောင်း၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ပြောကြားကာ နှာခေါင်း စည်း(mask) တပ်ဆင်သွားလာခြင်း မရှိသည့်သူများအား နှာခေါင်းစည်း (mask)များ (၅၀၀)ခုအခမဲ့ ဖြန့်ဝေပေး နိုင်ခဲ့ကြောင်း သိရသည်။

ဇင်မာဝင်း( ပြန်/ဆက်)