မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သာပေါင်း မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စုတွင် မေလ ၅ ရက်နေ့ ညနေအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးပိုင်ဇင်စိုးနှင့်ဦးသိန်းမြင့် နေအိမ်တို့ ပြိုကျပျက်စီးခဲ့ရသည့် အိမ်တောင်စုများအား ယနေ့ မေလ ၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က လေဘေးသင့် မိသားစုများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြသည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုများရှိရာ ကျေးရွာသို့သွားရောက်၍ သာပေါင်းမြို့နယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ကျော်ခိုင်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်တင်ဇာ၀င်းပြည့်တို့အဖွဲ့မှ ဦးပိုင်ဇင်စိုး မိသားစုအတွက် နေအိမ်ပြိုထောက်ပံ့ငွေ ၁၀၀,၀၀၀/-၊ ဆန်ရိက္ခာထောက်ပံ့ငွေ ၄,၂၀၀/- စုစုပေါင်း ၁၀၄,၂၀၀/- ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁)ပုံး၊ ဦးသိန်းမြင့်မိသားစုအတွက် နေအိမ်ပြို ထောက်ပံငွေ ၁၀၀,၀၀၀/- ဆန်ရိက္ခာထောက်ပံ့ငွေ ၈,၆၀၀/- စုစုပေါင်း ၁၀၈,၆၀၀/- ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးတို့ကို အားပေစကားပြောကြားပြီး ‌လက်ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်