ကျွန်းစု မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်မြင့်မားစေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ဂီတကို ချစ်မြတ်နိုးသူများအတွက် အခြေခံဂစ်တာတီးနည်း ရက်တိုသင်တန်းကို ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းနည်းပြက ပို့ချမည့် သင်ခန်းစာများအပေါ် စိတ်ပါဝင်စွာ လိုက်နာသင်ယူနိုင်မှ အခြေခံဂစ်တာတီးနည်းကို တတ်မြောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို စတင်သင်ကြားပို့ချခဲ့ပြီး သင်တန်းတွင် ဂစ်တာကြိုးတပ်ဆင်မှု၊ လက်ကွက်အမျိုးမျိုးနှင့် လက်ခတ်အမျိုးမျိုးတို့ကို သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို မေ(၅)ရက်နေ့မှ (၇)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် အသီးသီးမှ ဂီတကိုချစ်မြတ်နိုးသူများနှင့် စိတ်ပါဝင်စားသူ(၁၄)ဦး တက်ရောက်သင်ယူလျက် ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)