ရွှေတောင်မြို့နယ်တွင် သမဝါယမဦးစီးဌာနမှ ကာလလွန်ချေးငွေကြွေးကျန်များ ပြန်လည်ပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေတောင် မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် China Exim Bank နှင့် Daedong ကာလလွန်ကြွေးကျန်အသင်းများ၊ မြို့နယ်သမဝါယမအသင်းအမှုဆောင်များအား ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးတို့မှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် China Exim Bank နှင့် Daedong ကာလလွန်ချေးငွေကြွေးကျန်များပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော အသင်းအမှုဆောင်များက သိရှိလိုသည် များကို မေးမြန်းခဲ့ကြရာ သမဝါယမအသင်းတာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်းသိရသည်။.

ကိုကိုမင်း( ပြန်/ ဆက်)