သံတောင်ကြီးမြို့နယ်တွင်ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများစတင်ဆွတ်ခူးရောင်းချ

သံတောင်ကြီး မေ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့် နှစ်ရှည်ပင်များကိုတစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ မေလပထမပတ်မှစတင်ပြီး လိုင်ချီးသီးများ ရင့်မှည့်ပြီဖြစ်သည့်အတွက် လိုင်ချီး စိုက်တောင်သူများအနေဖြင့် လိုင်ချီးသီများ စတင်ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ယခင်နှစ်က လိုင်ချီးသီးများ အထွက်နှုန်းမကောင်းသော်လည်းယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး တစ်ပိဿာတစ်ထုပ်လျှင် ကျပ်(၂၀၀၀)မှ ကျပ်(၂၅၀၀)အထိရရှိပြီး လိုင်ချီးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုအတွက် အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆေပြေစေကြောင်း ဒေသံခပြည်သူတစ်ဦးထံက သိရသည်။       

နော်နော်မူ