မော်လိုက်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအင်္ဂလိပ်စာ၊ Grammar သင်တန်း ဖွင်လှစ် သင်ကြား

မော်လိုက် မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အင်္ဂလိပ်စာ၊ Grammar သင်တန်း တတိယမြောက်နေ့အဖြစ် ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန တွင် သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ အင်္ဂလိပ်စာ၊ Grammar သင်တန်းတွင် မော်လိုက်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာမ(၃)ဦးတို့က သင်ကြားပေးလျက်ရှိကြောင်း၊ ယနေ့တွင် ဆရာမ ဒေါ်အေးမြတ်သီမှ Verb (ကြိယာ) အကြောင်းအား သင်ကြားပေးခဲ့ရာ ကျောင်းသား/သူ(၂၀)ဦး တက်ရောက်ခဲ့ကြ ကြောင်းနှင့် သင်တန်းကာလမှာ မေလ(၂)ရက်နေ့မှ မေလ(၂၃)ရက်နေ့ထိ ရက်သတ္တပတ်(၃)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ယခုဖွင့်လှစ်ပေးသည့် အင်္ဂလိပ်စာ၊ Grammar သင်တန်းကို  နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများ အနေဖြင့် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ Grammar များကို အခြေခံကျကျဖြင့် ပိုမိုတတ်ကျွမ်း နားလည်တတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ များတိုးပွားကာ အမှား၊ အမှန် ချင့်ချိန်တွေးတော ဆုံးဖြတ်တတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် စသည့်ရည်ရွယ်ချက် ကောင်းများဖြင့် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ပြောကြားချက် အရ သိရသည်။

မော်လိုက်သားလေး