သံတောင်ကြီး မေ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်းရှိ လူငယ်များက ဦးဆောင်၍ နွေရာသီအားလပ်ရက်များတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များဂီတ ပညာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များဖြစ်စေရန်၊ တယောသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တယောသင်တန်းဖွင်လှစ်ခြင်းနှင့်ပတ်သက်၍ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်ဥက္ကဋ္ဌ ဦးစောဂေဒိုစိုးက ကျွန်တော်တို့ အသင်းတော်မှာရှိတဲ့လူငယ်များ ဂီတနဲ့ပတ်သက်တဲ့ တူရိယာပစ္စည်းမျိုးစုံကို တတ်ကျွမ်းစေဖို့နဲ့ နွေရာသီအားလပ်တဲ့ရက်တွေမှာ ဂီတပညာတစ်ခုခုကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်စွာ တီးခတ်တတ်နိုင်ဖို့၊ ဂီတနဲ့ပတ်သက်ပြီး ထူးချွန်ထက်မြက်တဲ့လူငယ် တွေမွေးထုတ်နိုင်ဖို့ အတွက် တယောပညာရှင်ဆရာတစ်ဦးကို ဖိတ်ခေါ်အကူအညီတောင်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ သည်။
အဆိုပါ တယောသင်တန်းတွင် တယောနည်းပြသင်တန်းဆရာ(၂)ဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသား(၄၀)ဦး တက်ရောက်ကာ သင်တန်းကာလ တစ်လကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)