အုတ်တွင်းမြို့နယ်၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

အုတ်တွင်း မေ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးမြို့နယ်အဆင့်ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီကအဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက်သင်တန်းဖွင့်ပွဲသို့ နည်းပြဆရာ/ဆရာမ(၄)ဦး၊ ထက်/လယ်/မူကျောင်းအုပ်ကြီးများ (၁၆၄)ဦး၊ စုစုပေါင်း(၁၆၈)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကို စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများစသည့် ဘာသာရပ် သုံးခုဖြင့် သင်တန်းကာလမှာမေ(၆)ရက်နေ့မှ မေ(၇)ရက်နေ့ထိ(၂)ရက်တာ နံနက် ၉ နာရီမှညနေ(၄)နာရီထိ သင်ကြားပို့ချပေးသွားဖြစ်ပါကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်ထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)