မော်လိုက် မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုချထားပေးမည့် CS-2 ယစ်မျိုးလိုင်စင် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေလံတင်ရောင်းချပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လတာကာလအတွက် ခွင့်ပြုပေးမည့် မော်လိုက်မြို့နယ်နှင့် ဖောင်းပြင် မြို့နယ်တို့ရှိ CS-2 လိုင်စင် တို့အား ပွင့်လင်းမြင်သာစွာ လေလံတင်ရောင်းချပေးခဲ့ရာ စီးပွားရေး လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးအေးလွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း၊ မော်လိုက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော် အရာရှိ) ဦးဝဏ္ဏထွန်း၊ ခရိုင်ယစ်မျိုးအကြံပေးအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ယစ်မျိုးလုပ်ငန်း လုပ်ကိုင်ခွင့်အနေဖြင့် မော်လိုက်မြို့နယ်အနေဖြင့် ပုံသေလိုင်စင်(၄၅)ဆိုင်၊ ဖောင်းပြင်မြို့နယ်အနေဖြင့် ပုံသေလိုင်စင် (၂၉) ဆိုင် စုစုပေါင်းပုံသေလိုင်စင်(၇၄)ဆိုင်အတွက် ယစ်မျိုးလိုင်စင်ကတ်ပြားများကို ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် CS-2 ယစ်မျိုးလိုင်စင် လေလံတင် ရောင်းချခြင်းပွဲတွင် မော်လိုက်မြို့နယ်ရှိ လေလံလိုင်စင် (၁) ဆိုင်ကိုသာ ရောင်းချပေးနိုင်ခဲ့ပြီး ဖောင်းပြင်မြို့နယ်ရှိ လေလံလိုင်စင် (၁) ဆိုင်မှာ ဝယ်ယူမည့် စီးပွားရေးလုပ်ငန်းရှင် မရှိသဖြင့် ရောင်းချနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
မော်လိုက်သားလေး