လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာတွင်နေအိမ် (၁) လုံး မီး‌လောင်မှုဖြစ်ပွား

ထားဝယ် မေ 6

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် နေအိမ်တစ်လုံး ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေအိမ် မီးဖို၏ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းရာ နေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီး၊ သန္ဓေတပ်ဖွဲ့ဝင်များ၊  လောင်းလုံးမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမျိုးဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိလူမှုကယ်ဆယ်ရေး အသင်း (ထားဝယ်) မှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းတည့် (၁) နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသည့် အိမ်ရှင်အား မောင်းမကန်   နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)